1. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
3. ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
4. ယင်းသို့သင်တို့ဝမ်းမြောက်မှုအတွက် ငါသည် ရှေ့အရပ်မှလူမျိုးနွယ်များလက်သို့သင်တို့ ကိုရောက်စေမည်။ သူတို့သည်သင်တို့၏ပြည် တွင်စခန်းများချ၍နေထိုင်ကြလိမ့်မည်။ သင်တို့စားရမည့်အသီးအနှံကိုစား၍ သင်တို့သောက်ရမည့်နို့ကိုသောက်ကြလိမ့် မည်။-
5. ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''
6. ``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-