ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 25:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အမ္မုန်​ပြည် သို့​လှည့်​၍​ပ​ရော​ဖက်​ပြု​လျက်​ရှုတ်​ချ​လော့။-

3. ထို​ပြည်​သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့၊ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ​၏။ သင်​တို့ သည်​ငါ​၏​ဗိ​မာန်​တော်​ညစ်​ညမ်း​သွား​သည် ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ပျက်​ပြုန်း သွား​ခြင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​ခြင်း​ကို​မြင်​သော​အ​ခါ​ဝမ်း​မြောက် ကြ​၏။-

4. ယင်း​သို့​သင်​တို့​ဝမ်း​မြောက်​မှု​အ​တွက် ငါ​သည် ရှေ့​အ​ရပ်​မှ​လူ​မျိုး​နွယ်​များ​လက်​သို့​သင်​တို့ ကို​ရောက်​စေ​မည်။ သူ​တို့​သည်​သင်​တို့​၏​ပြည် တွင်​စ​ခန်း​များ​ချ​၍​နေ​ထိုင်​ကြ​လိမ့်​မည်။ သင်​တို့​စား​ရ​မည့်​အ​သီး​အ​နှံ​ကို​စား​၍ သင်​တို့​သောက်​ရ​မည့်​နို့​ကို​သောက်​ကြ​လိမ့် မည်။-

5. ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 25