ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 24:4-15 Common Language Bible (BCL)

4. အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။လက်​ရင်း​ပိုင်း​နှင့်​ပေါင်​များ​မှ​အ​ကောင်း​ဆုံး​သော အ​သား​တစ်​များ​ကို​လည်း​ကောင်းလက်​ရွေး​စင်​အ​ရိုး​တို့​ကို​လည်း​ကောင်း ကြေး​အိုး​ပြည့်​အောင်​ထည့်​လော့။

5. အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။ကြေး​အိုး​အောက်​တွင်​မီး​ထင်း​ထည့်​ကာရေ​ကို​ပွက်​ပွက်​ဆူ​စေ​၍​အ​ရိုး​များ​ကို​ပြုတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

6. အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။-

7. ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။-

8. ထို​သွေး​က​အ​မျက်​နှင့်​လက်​စား​ချေ​စေ​ရန် ငါ သည်​ယင်း​ကို​ဖုံး​အုပ်​၍​မ​ထား​နိုင်​သည့်​နေ​ရာ တွင်​ကျ​စေ​ခြင်း​ဖြစ်​၏'' ဟူ​၍​တည်း။

9. ထို​နောက်​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည် ကား``လူ​သတ်​သ​မား​တို့​၏​မြို့​သည် အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ ငါ​ကိုယ်​တိုင်​ပင်​ထင်း​များ ကို​ထည့်​မည်။-

10. ထင်း​များ​ကို​ထပ်​မံ​၍​ယူ​လာ​လော့။ မီး​တောက် ကို​ယပ်​ခပ်​ပေး​လော့။ အ​သား​များ​ကို​ချက်​၍ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်​တို့​ဖြင့် ဟင်း​ချို​ကို ဆူ​အောင်​ကျို​ချက်​လော့။ အ​ရိုး​တို့​ကို​ကျွမ်း လောင်​စေ​လော့။-

11. ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။-

12. သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-

13. အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-

14. ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

15. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 24