ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 21:9-29 Common Language Bible (BCL)

9. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။

10. သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

11. အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန်ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။

12. အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက်ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။

13. ငါ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည့် ယု​ဒ​၏ ရာ​ဇ​လှံ​တံ​တော်​ပျက်​စီး​မည့်​အ​ချိန်​ကိုအ​ကဲ​ခတ်​နေ​ခြင်း​ဖြစ်​၏​ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

14. ``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-

15. ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။-

16. အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-

17. ငါ​သည်​လည်း​လက်​ခုပ်​တီး​မည်။ ထို​နောက်​ငါ ၏​အ​မျက်​တော်​ပြေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏'' ဟူ ၍​တည်း။

18. ထာ​ဝရ​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

19. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။-

20. ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။-

21. ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-

22. ထို​အ​ခါ`ယေ​ရု​ရှ​လင်' ဟု​ရေး​မှတ်​ထား​သော နိ​မိတ်​ပြ​မြား​သည် သူ​၏​ညာ​ဘက်​လက်​တွင်း သို့​ရောက်​ရှိ​၏။ ထို​မြား​က​သူ့​အား​မြို့​ရိုး​ဖြို ရန်​တုံး​မောင်း​များ​ကို​သွား​ရောက်​တပ်​ဆင်​ကာ သတ်​ရန်​အ​မိန့်​ပေး​လျက်​စစ်​တိုက်​သံ​များ ကို​ကြွေး​ကြော်​ရန်​လည်း​ကောင်း၊ တံ​ခါး​ထု ဖွင့်​ရန်​တုံး​မောင်း​ကို​လည်း​ကောင်း မြေ​က​တုတ် များ​ဖို့​၍​က​တုတ်​ကျင်း​များ​ကို​တူး​ရန် လည်း​ကောင်း​ညွှန်​ပြ​၏။-

23. ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-

24. သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။

25. ``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-

26. ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-

27. ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ယို​ယွင်း​ပျက်​စီး စေ​မည်။ ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယို​ယွင်း​ပျက် စီး​စေ​မည်။ သို့​ရာ​တွင်​ထို​မြို့​ကို​တ​ရား​ဝင် ပိုင်​ဆိုင်​သူ​မ​ရောက်​မီ ယင်း​ကို​ပြန်​လည်​ပြု ပြင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​သူ​အား​ငါ အပ်​မည်။

28. ``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စော် ကား​သည့်​အမ္မုန်​ပြည်​သား​တို့​အား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ ကြောင်း​ကို​ကြေ​ညာ​လော့။''``ဖျက်​ဆီး​သုတ်​သင်​ရန်​ဋ္ဌား​တော်​ကို အ​သင့်​ထား​လေ​ပြီ။ဋ္ဌား​ကို​အ​သင့်​ထား​လေ​ပြီ။သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​တော်​ကို​တိုက်​ချွတ်​ထား​၏။လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​အောင်တိုက်​ချွတ်​ထား​၏'' ဟု​သူ​တို့​အား​ဆင့်​ဆို​လော့။

29. သင်​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သင်​တို့​အား​ကြို​တင်​ဟော​ပြော ချက်​များ​သည်​လည်း​လိမ်​လည်​ဟော​ပြော​မှု များ​သာ​ဖြစ်​၏။ သင်​တို့​အ​ပြီး​သတ်​အ​ပြစ် ဒဏ်​ခံ​ရ​မည့်​နေ့​ရက်​သည်​နီး​ကပ်​လာ​လေ ပြီ။ ဋ္ဌား​တော်​သည်​ယုတ်​မာ​ဆိုး​ညစ်​သူ​တို့ ၏​ဇက်​ပေါ်​သို့​သတ်​ဖြတ်​ရန်​ကျ​ရောက်​အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 21