ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 21:1-10 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​ဘက်​သို့​လှည့်​၍​ထို​မြို့​ကို​ရှုတ်​ချ​လော့။ လူ တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ရှုတ် ချ​လော့။ ဣ​သ​ရေ​လ​ပြည်​ကို​ပ​ရော​ဖက်​ပြု ၍​သ​တိ​ပေး​လော့။-

3. လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊-

4. ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊-

5. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဋ္ဌား​တော် ကို​ဋ္ဌား​လွယ်​အိမ်​မှ​ထုတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း၊ ထို​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန် ၍​သွင်း​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရ​ကြ​လိမ့်​မည်။

6. ``အ​ချင်း​လူ​သား၊ သင်​သည်​စိတ်​ပျက်​ဝမ်း​နည်း ကြေ​ကွဲ​လျက်​ရှိ​ဘိ​သ​ကဲ့​သို့​ညည်း​တွား​လော့။ လူ​မြင်​ကွင်း​တွင်​ပြင်း​ပြ​စွာ​ညည်း​တွား​လော့။-

7. သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။

8. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

9. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။

10. သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 21