ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 20:39-45 Common Language Bible (BCL)

39. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-

40. ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော်​တည်း ဟူ​သော​ဣ​သ​ရေ​လ​တောင်​မြင့်​ပေါ်​တွင် သင်​တို့ အား​လုံး​ပင်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်​ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။ ငါ သည်​သင်​တို့​အား​နှစ်​သက်​လက်​ခံ​မည်။ သင်​တို့ ပူ​ဇော်​သော​ယဇ်​များ၊ အ​ကောင်း​မြတ်​ဆုံး​သော ပူ​ဇော်​သကာ​များ​နှင့်​သီး​သန့်​ဆက်​ကပ်​ထား သည့်​အ​လှူ​ဝတ္ထု​များ​ကို​ငါ​တောင်း​ဆို​မည်။-

41. သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။-

42. သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

43. ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သော စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့်​မိ​မိ​ကိုယ် ကို​ရွံ​ရှာ​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့ ညစ်​ညမ်း​စေ​ခဲ့​ကြ​ကြောင်း​တို့​ကို​ပြန်​လည် သ​တိ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင့်​ကိုယ် သင်​ရွံ​ရှာ​လိမ့်​မည်။-

44. အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။

45. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 20