ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 20:1-8 Common Language Bible (BCL)

1. ပြည်​နှင်​ဒဏ်​ခံ​ရ​သည့်​သတ္တမ​နှစ်​မြောက်၊ ပဉ္စ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ဣ​သ​ရေ​လ​ခေါင်း​ဆောင် အ​ချို့​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​စုံ​စမ်း​မေး​မြန်း​ရန် ငါ့​ထံ​သို့​လာ​ရောက်​ကြ ၏။ ထို​သူ​တို့​ငါ​၏​ရှေ့​တွင်​ထိုင်​ကြ​သော​အ​ခါ၊-

2. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို​ငါ ကြား​ရ​၏။-

3. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။

4. ``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။-

5. ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​ကြောင်း​ကို​လည်း ပြော​ပြ​လော့။ ဣ​သ​ရေ​လ လူ​မျိုး​တို့​ကို​ငါ​ရွေး​ကောက်​တော်​မူ​၍ ယာ​ကုပ် ၏​အ​မျိုး​အ​နွယ်​တို့​အား​ငါ​သည်​က​တိ​ပေး ကျိန်​ဆို​ခဲ့​၏။ အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​သူ​တို့ အား​ထင်​ရှား​လျက် ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ကို​ကျိန်​ဆို​ခဲ့​၏။-

6. သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

7. ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-

8. သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 20