အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 2 Common Language Bible (BCL)

ယေ​ဇ​ကျေ​လ​အား​ပ​ရော​ဖက်​အ​ဖြစ် ဘု​ရား​သ​ခင်​ခေါ်​ယူ​ခန့်​ထား​တော်​မူ​ခြင်း

1. ``အ​ချင်း​လူ​သား​ထ​လော့။ သင့်​အား​ငါ​မြွက် ဆို​မည်'' ဟု​မိန့်​တော်​မူ​၏။-

2. ယင်း​အ​သံ​မြွက်​ဆို​နေ​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏​အ​တွင်း​သို့ ဝင်​၍ ငါ့​အား​ကူ​မ​တော်​မူ​ပြီး​လျှင်​မတ်​တပ် ရပ်​စေ​တော်​မူ​၏။ ထို​နောက်​အ​သံ​တော်​က ဆက်​လက်​၍၊-

3. ``အ​ချင်း​လူ​သား၊ ငါ့​အား​ပုန်​ကန်​တော်​လှန် ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​ကဲ့​သို့​ယ​ခု​တိုင်​အောင်​ပုန်​ကန် လျက်​နေ​ကြ​၏။-

4. သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။-

5. သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။

6. ``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-

7. သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''

8. ``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။-

9. ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-

10. ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။