အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 15 Common Language Bible (BCL)

စ​ပျစ်​နွယ်​အ​ကြောင်း​ပုံ​ဥ​ပ​မာ

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။-

3. သင်​သည်​စ​ပျစ်​နွယ်​သား​ဖြင့်​အ​ဘယ်​အ​ရာ ကို​ပြု​လုပ်​နိုင်​သ​နည်း။ ပစ္စည်း​တစ်​စုံ​တစ်​ခု ကို​ဆွဲ​ချိတ်​ရန်​အ​တွက်​ယင်း​ကို​အ​စို့​အ​ဖြစ် ဖြင့်​အ​သုံး​ပြု​နိုင်​သ​လော။-

4. စ​ပျစ်​ပင်​သည်​မီး​မွှေး​ရန်​အ​တွက်​သာ​လျှင် ကောင်း​၏။ အဖျား​ပိုင်း​များ​လောင်​ကျွမ်း​၍​အ​လယ် ပိုင်း​သည်​ပြာ​ဖြစ်​သွား​သော​အ​ခါ သင်​သည် ထို​စ​ပျစ်​ပင်​ကို​အ​ဘယ်​သို့​အ​သုံး​ပြု​နိုင် မည်​နည်း။-

5. ယင်း​သည်​မီး​မ​ရှို့​မီ​အ​ခါ​က​လည်း​အ​သုံး မ​ဝင်။ မီး​ရှို့​၍​ပြာ​ဖြစ်​သွား​သော​အ​ခါ​၌ လည်း ပို​၍​ပင်​အ​သုံး​မ​ဝင်​ချေ'' ဟု​မိန့် တော်​မူ​၏။

6. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊-

7. အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​သည်​မီး​ဘေး တစ်​ခု​မှ​လွတ်​မြောက်​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​အ​ခြား​မီး​ဘေး​တစ်​ခု​သင့်​ကြ လိမ့်​မည်။ ထို​သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

8. သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။