ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 14:4-15 Common Language Bible (BCL)

4. ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-

5. ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။''

6. ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''

7. ``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။-

8. ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

9. ``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-

10. ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

12. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

13. ``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-

14. အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

15. ``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 14