ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 14:1-6 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍ ရှေ့​တော်​တွင်​ထိုင် ကြ​၏။-

2. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​အား​မိန့်​ကြား​တော်​မူ​၏။-

3. ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။

4. ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-

5. ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။''

6. ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 14