ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 11:1-13 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။

2. ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဤ​မြို့​၌​မ​ကောင်း​သော​အ​ကြံ​ကို​ပေး​ကြ သူ​လူ​ယုတ်​မာ​များ​ကား​ဤ​သူ​တို့​ပင် ဖြစ်​၏။-

3. သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။-

4. သို့​ဖြစ်​၍​အ​ချင်း​လူ​သား​သူ​တို့​အား​ရှုတ် ချ​၍​ပ​ရော​ဖက်​ပြု​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။

5. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​၏။ ထာ​ဝရ ဘု​ရား​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​များ နှင့်​သင်​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ငါ သိ​၏။-

6. သင်​တို့​သတ်​ဖြတ်​သော​သူ​တို့​သည်​လွန်​စွာ များ​ပြား​လှ​သ​ဖြင့် လမ်း​များ​သည်​လူ​သေ ကောင်​တို့​ဖြင့်​ပြည့်​နှက်​နေ​လေ​ပြီ။

7. သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။-

8. သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။-

9. သင်​တို့​အား​မြို့​ပြင်​သို့​ထုတ်​၍​တစ်​ကျွန်း တစ်​နိုင်​ငံ​သား​တို့​၏​လက်​သို့​ပေး​အပ်​မည်။ ငါ​သည်​သင်​တို့​အား​ပြစ်​ဒဏ်​စီ​ရင်​ပြီ။-

10. သင်​တို့​သည်​မိ​မိ​တို့​ပြည်​နယ်​စပ်​၌​သင်​တို့ ကို​တ​ရား​စီ​ရင်​သ​ဖြင့် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-

11. အိုး​ကင်း​သည်​အ​မဲ​သား​ကို​ကာ​ကွယ်​သ​ကဲ့ သို့ ဤ​မြို့​သည်​သင်​တို့​အား​အ​ကာ​အ​ကွယ် ပေး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဣ​သ​ရေ​လ ပြည်​နယ်​စပ်​တွင် ငါ​သည်​သင်​တို့​ကို​အ​ပြစ် ဒဏ်​ခတ်​မည်။-

12. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။

13. ငါ​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​နေ​စဉ် ဗေ​နာ​ယ​၏​သား​ပေ​လ​တိ​သည်​လဲ​၍​သေ လေ​၏။ ထို​အ​ခါ​ငါ​သည်​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​လိုက်​ပြီး​လျှင်``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျန်​ရှိ​နေ​သေး သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​မှန်​သ​မျှ တို့​အား​သုတ်​သင်​ပစ်​တော်​မူ​မည်​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 11