ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​လ 2:1-14 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။

2. ထို​နေ့​သည်​မှောင်​မိုက်​အုံ့​ဆိုင်း​သော​နေ့၊မည်း နက်​လျက် မိုး​တိမ်​ထူ​ထပ်​သော​နေ့​ဖြစ်​လိမ့်​မည်။တောင်​ရိုး​များ​ကို​လွှမ်း​ခြုံ​လိုက်​သည့်မှောင်​ရိပ်​ကဲ့​သို့၊ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ရှေ့​သို့ ချီ​တက်​လာ​လေ​သည်။ဤ​သို့​အ​ဘယ်​အ​ခါ​က​မျှ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​မ​ရှိ။နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ဖြစ်​ပျက်​လိမ့်​မည် မ​ဟုတ်။

3. ကျိုင်း​ကောင်​တို့​၏​ရှေ့​နှင့်​နောက်​တွင်​သီး​နှံ​ပင်​များ​ကို မီး​ကဲ့​သို့​ကိုက်​စား​ကြ​၏။မြေ​ကြီး​သည်​သူ​တို့​၏​ရှေ့​၌​ဧ​ဒင်​ဥ​ယျာဉ်​နှင့် တူ​၍သူ​တို့​၏​နောက်​တွင်​မူ​ကား၊သီး​နှံ​ပင်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​နှင့်​တူ​၏။သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​သည့် အ​သီး​အ​နှံ​ဟူ​၍​မ​ရှိ။

4. ကျိုင်း​ကောင်​တို့​သည်​မြင်း​များ​နှင့်​သဏ္ဌာန်​တူ​၍၊ စစ်​မြင်း​ကဲ့​သို့​ပြေး​ကြ​၏။

5. သူ​တို့​သည်​တောင်​ရိုး​များ​ပေါ်​တွင်​ခုန်​လွှား​ကာ စစ်​မြင်း​ရ​ထား​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း၊မြက်​ခြောက်​မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း အော်​မြည်​ကြ​၏။သူ​တို့​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ရှိ​သည့် တပ်​မ​တော်​ကြီး​ကဲ့​သို့​စီ​တန်း​လျက်​နေ​ကြ​၏။

6. သူ​တို့​ချဉ်း​ကပ်​လာ​သော​အ​ခါ၊လူ​အ​ပေါင်း တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။လူ​တိုင်း​၏​မျက်​နှာ​တွင်​သွေး​မ​ရှိ​တော့​ပေ။

7. ကျိုင်း​ကောင်​တို့​သည်​စစ်​သူ​ရဲ​များ​သ​ဖွယ် တိုက်​ခိုက်​ကြ​၏။စစ်​သည်​တပ်​သား​များ​သ​ဖွယ်​မြို့​ရိုး​များ​ကို တက်​ကြ​၏။သူ​တို့​အား​လုံး​ပင်​ရှေ့​သို့​တည့်​မတ်​စွာ ချီ​တက်​လျက်​နေ​ကြ​၏။မိ​မိ​တို့​၏​လမ်း​ကို​မ​ပြောင်း​မ​လွှဲ​ကြ။

8. အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။

9. သူ​တို့​သည်​မြို့​ရှိ​ရာ​သို့​ပြေး​ကြ​၏။မြို့​ရိုး​များ​ကို​ကျော်​၍​အိမ်​များ​ပေါ်​သို့​တက် ပြီး​လျှင် သူ​ခိုး​သ​ဖွယ်​ပြူ​တင်း​ပေါက်​များ​မှ​ဝင်​ကြ​၏။

10. သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။

11. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည်အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။

12. ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည်ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။

13. သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန်အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

14. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​လ 2