ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​လ 1:11-19 Common Language Bible (BCL)

11. အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။

12. စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။

13. ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင်အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။

14. အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ​လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ကျင်း​ပ​ကြ​လော့။သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်ခေါင်း​ဆောင်​များ​နှင့်၊ယု​ဒ​ပြည်​သား​အ​ပေါင်း​ကို​စု​ဝေး​စေ​ပြီးလျှင်၊ကိုယ်​တော်​၏​ထံ​တော်​သို့​ဟစ်​အော်​ကြ​လော့။

15. ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည်ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။

16. ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များအ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။

17. မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့်ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။

18. ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

19. စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည်မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​လ 1