ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 9:6-20 Common Language Bible (BCL)

6. ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။

7. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။

8. သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။

9. ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-

10. ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​မင်း​နှစ်​ပါး​ဖြစ်​သည့် ဟေ​ရှ​ဘုန်​ဘု​ရင် ရှိ​ဟုန်​နှင့်​အာ​ရှ​တ​ရုတ်​မြို့​၌​နန်း​စိုက်​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​အား မည်​ကဲ့​သို့​နှိမ် နင်း​ခဲ့​ကြောင်း​ကို​လည်း​ကောင်း​အ​ကျွန်ုပ်​တို့ ကြား​ရ​ပါ​သည်။-

11. သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​ခေါင်း​ဆောင်​များ နှင့်​အ​မျိုး​သား​အ​ပေါင်း​တို့​က​ခ​ရီး​အ​တွက် ရိက္ခာ​ယူ​ဆောင်​လျက် ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန် အ​ကျွန်ုပ်​တို့​အား​စေ​လွှတ်​ကြ​ပါ​သည်။ ကိုယ် တော်​ထံ​၌​အ​ညံ့​ခံ​၍​ငြိမ်း​ချမ်း​ရေး​တောင်း ဆို​ရန်​အ​ကျွန်ုပ်​တို့​အား​မှာ​ကြား​လိုက်​ပါ သည်။-

12. အ​ကျွန်ုပ်​တို့​၏​နေ​အိမ်​မှ​ကိုယ်​တော်​ထံ​သို့ ခ​ရီး​စ​ထွက်​ချိန်​တွင်​ရိက္ခာ​များ​မှာ​ပူ​နွေး လတ်​ဆတ်​လျက်​ရှိ​ခဲ့​ပါ​သည်။ ယ​ခု​ထို​ရိက္ခာ များ​ကို​ကြည့်​ပါ။ ခြောက်​သွေ့​၍​မှို​တက်​လျက် ရှိ​ပါ​သည်။-

13. စ​ပျစ်​ရည်​ထည့်​စဉ်​က​သား​ရေ​ဘူး​များ​သည် လည်း​အ​သစ်​ဖြစ်​ပါ​သည်။ ယ​ခု​ကြည့်​ပါ၊ ဘူး များ​စုတ်​ပြဲ​လျက်​ရှိ​ပါ​သည်။ ခရီး​ဝေး​မှ​လာ ခဲ့​ရ​သ​ဖြင့်​အ​ကျွန်ုပ်​တို့​၏​အ​ဝတ်​နှင့်​ဖိ​နပ် များ​သည်​ဟောင်း​နွမ်း​လျက်​ရှိ​ပါ​သည်'' ဟု ယောရှု​အား​လျှောက်​ထား​ကြ​၏။

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-

15. ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။

16. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-

17. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

18. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး အ​ကဲ​တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​ခဲ့​ကြ​သ​ဖြင့် သူ​တို့​ကို​မ​သတ်​ဖြတ်​မ​သုတ်​သင်​နိုင်​ကြ ချေ။ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ကြီး​အ​ကဲ​တို့​အား​အ​ပြစ်​တင် ကြ​၏။-

19. ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​သစ္စာ​ပြု​ထား ပြီး​ဖြစ်​ခြင်း​ကြောင့် သူ​တို့​ကို​လက်​ဖျား နှင့်​ပင်​မ​တို့​နိုင်။-

20. ငါ​တို့​ပြု​ထား​သော​ကတိ​သစ္စာ​ကြောင့်​သူ တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ရ​မည်။ ငါ တို့​ကတိ​မ​တည်​လျှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 9