ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 9:14-27 Common Language Bible (BCL)

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-

15. ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။

16. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-

17. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

18. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး အ​ကဲ​တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​ခဲ့​ကြ​သ​ဖြင့် သူ​တို့​ကို​မ​သတ်​ဖြတ်​မ​သုတ်​သင်​နိုင်​ကြ ချေ။ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ကြီး​အ​ကဲ​တို့​အား​အ​ပြစ်​တင် ကြ​၏။-

19. ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​သစ္စာ​ပြု​ထား ပြီး​ဖြစ်​ခြင်း​ကြောင့် သူ​တို့​ကို​လက်​ဖျား နှင့်​ပင်​မ​တို့​နိုင်။-

20. ငါ​တို့​ပြု​ထား​သော​ကတိ​သစ္စာ​ကြောင့်​သူ တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ရ​မည်။ ငါ တို့​ကတိ​မ​တည်​လျှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-

21. သူ​တို့​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ကြ​ကုန် အံ့။ သို့​ရာ​တွင်​သူ​တို့​အား ငါ​တို့​အ​တွက်​ရေ ခပ်​ထင်း​ခုတ်​အ​လုပ်​များ​ကို​လုပ်​ကိုင်​စေ​ရ မည်'' ဟု​အ​ကြံ​ပေး​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​သ​ဘော​တူ​ကြ ၏။

22. ယော​ရှု​သည်​ဂိဗောင်​မြို့​သား​တို့​ကို​ဆင့်​ခေါ် ၍``သင်​တို့​သည်​ငါ​တို့​အ​နီး​တွင်​နေ​ထိုင်​ပါ လျက်​နှင့် ဝေး​သော​အ​ရပ်​မှ​လာ​သည်​ဟု အ​ဘယ်​ကြောင့်​ငါ​တို့​ကို​လှည့်​စား​ပြော​ဆို ကြ​ပါ​သ​နည်း။-

23. ထို​ပြစ်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သို့​ဖြစ်​၍ ငါ့​ဘု​ရား​သ​ခင်​၏​အိမ်​တော်​အ​တွက် သင်​တို့ သည်​ရေ​ခပ်​ထင်း​ခုတ်​အ​လုပ်​ကို​လုပ်​၍ အ​မြဲ​ကျွန်​ခံ​ရ​ကြ​မည်'' ဟု​ဆို​၏။

24. ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-

25. ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​လက် တွင်း​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ကိုယ်​တော် ပြု​သင့်​သည်​ဟု​ထင်​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​လေ​သည်။-

26. ထို​ကြောင့်​ယော​ရှု​သည်​ဣ​သ​ရေ​လ​အမျိုး သား​တို့​၏​လက်​ချက်​ဖြင့် သေ​မည့်​ဘေး​မှ သူ​တို့​ကို​ကယ်​ဆယ်​လိုက်​လေ​သည်။-

27. တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 9