ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 9:1-8 Common Language Bible (BCL)

1. ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​တောင်​ကုန်း​ဒေ​သ၊ တောင်​ခြေ​ဒေ​သ၊ မြောက်​ဘက်​လေ​ဗ​နုန်​တောင် အ​ထိ​ရှည်​လျား​သော​မြေထဲ​ပင်​လယ်​ကမ်း​ရိုး တန်း​ဒေ​သ​တို့​တွင်​အုပ်​စိုး​သော​မင်း​အ​ပေါင်း တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ ခံ​သ​တင်း​ကို​ကြား​ကြ​၏။ ထို​မင်း​များ​မှာ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏ မင်း​များ​ဖြစ်​ကြ​သည်။-

2. သူ​တို့​သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား စု​ပေါင်း​၍​တိုက်​ခိုက်​ရန်​သ​ဘော တူ​ကြ​၏။

3. ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-

4. သူ့​အား​လိမ်​လည်​လှည့်​စား​ရန်​ကြံ​စည်​ကြ လေ​သည်။ သူ​တို့​သည်​ဟောင်း​နွမ်း​သော​ရိက္ခာ အိတ်​များ​နှင့်​အ​ဖာ​အ​ထေး​များ​ရှိ​သော သား​ရေ​စ​ပျစ်​ရည်​ဘူး​များ​ကို​မြည်း​များ ပေါ်​တွင်​တင်​ကြ​သည်။-

5. သူ​တို့​သည်​အ​ဝတ်​အ​စုတ်​အ​ပြဲ​များ​ကို ဝတ်​ဆင်​၍ ဟောင်း​နွမ်း​သော​ဖိ​နပ်​များ​ကို​စီး ကြ​သည်။ ခြောက်​သွေ့​၍​မှို​တက်​သော​အ​စား အ​စာ​များ​ကို​ယူ​ဆောင်​ကြ​သည်။-

6. ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။

7. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။

8. သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 9