ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 7:3-12 Common Language Bible (BCL)

3. သူ​တို့​သည်​ယင်း​သို့​ထောက်​လှမ်း​ပြီး​နောက် ယော​ရှု​ထံ​သို့​ပြန်​လာ​ပြီး​လျှင်``အာ​ဣ​မြို့ ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ချီ​တက်​တိုက်​ခိုက် ရန်​မ​လို​ပါ။ လူ​နှစ်​ထောင်​သုံး​ထောင်​ခန့်​စေ လွှတ်​လျှင်​လုံ​လောက်​ပါ​၏။ စစ်​တပ်​တစ်​တပ် လုံး​စေ​လွှတ်​ရန်​မ​လို​အပ်​ပါ။ ထို​မြို့​သည် မြို့​ကြီး​မ​ဟုတ်​ပါ'' ဟူ​၍​ပြန်​ကြား​ကြ လေ​သည်။-

4. ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​သုံး​ထောင် ခန့်​သည် မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ကြ​၏။ သို့ ရာ​တွင်​စစ်​ရေး​နိမ့်​သ​ဖြင့်​ဆုတ်​ခွာ​ခဲ့​ရ လေ​သည်။-

5. အာ​ဣ​မြို့​သား​တို့​သည်​မြို့​တံ​ခါး​မှ​ကျောက် ကျင်း​များ​ရှိ​ရာ​အ​ရပ်​သို့​တိုင်​အောင် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နောက်​သို့​လိုက်​၍​တိုက် ခိုက်​ကြ​ရာ​တောင်​ကုန်း​အ​ဆင်း​၌ ဣ​သ​ရေ​လ အမျိုး​သား​သုံး​ဆယ့်​ခြောက်​ယောက်​ခန့်​ကို သတ်​ဖြတ်​လိုက်​ကြ​လေ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​လွန် စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။

6. ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

7. ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။-

8. အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-

9. ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။

10. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ထ​လော့။ အ​ဘယ်​ကြောင့်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​နေ သ​နည်း။-

11. ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-

12. ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 7