ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 24:6-21 Common Language Bible (BCL)

6. ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊-

7. ငါ့​ထံ​သို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခံ ကြ​သည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​နှင့်​အီ​ဂျစ် တပ်​သား​များ​အ​ကြား​တွင်​အ​မှောင်​ထု​ကို ကျ​စေ​၏။ ရန်​သူ​များ​အ​ပေါ်​သို့​ပင်​လယ်​ရေ လွှမ်း​စေ​သ​ဖြင့် သူ​တို့​သည်​ရေ​နစ်​သေ​ဆုံး ကြ​ကုန်​၏။ ငါ​သည်​အီ​ဂျစ်​ပြည်​အား​မည်​ကဲ့ သို့​ဆုံး​မ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။```သင်​တို့​သည်​တော​ကန္တာရ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ရ​ကြ​၏။-

8. ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။-

9. ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-

10. သို့​ရာ​တွင်​ငါ​သည်​ဗာ​လမ်​၏​လျှောက်​ဆို​ချက် ကို​လက်​မ​ခံ​သ​ဖြင့် သူ​သည်​သင်​တို့​ကို​ကောင်း ချီး​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ငါ​သည် သင်​တို့​အား​ဗာ​လက်​၏​လက်​မှ​ကယ်​တင်​ခဲ့ သည်။-

11. ထို​နောက်​သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍ ယေ​ရိ​ခေါ​မြို့​သို့​ရောက်​ရှိ​ကြ​သည်။ ယေ​ရိ​ခေါ မြို့​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​သူ တို့​အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​စေ သည်။-

12. သင်​တို့​ချီ​တက်​လာ​စဉ်​ငါ​သည်​သူ​တို့​ကို က​စဥ့်​က​လျား​ဖြစ်​စေ​ပြီး​လျှင် အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ကို​နှင်​ထုတ်​ခဲ့​၏။ သင်​တို့​၏​ဋ္ဌား နှင့်​လေး​လက်​နက်​တို့​ဖြင့်​အ​နိုင်​ရ​ကြ​သည် မ​ဟုတ်။-

13. သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။

14. ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-

15. အ​ကယ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​လျှင် မက်​ဆို​ပို​တေး​မီး​ယား​ပြည် ၌​သင်​တို့​၏​ဘိုး​ဘေး​များ​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ သင်​တို့​ယ​ခု​နေ​ထိုင် ရာ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ ကိုး​ကွယ်​ရန်​ဘု​ရား ကို​ယ​နေ့​ရွေး​ချယ်​ကြ​လော့။ ငါ​နှင့်​ငါ​၏ မိ​သား​စု​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို သာ​ကိုး​ကွယ်​မည်'' ဟု​ပြော​ကြား​လေ​၏။

16. ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။-

17. အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-

18. အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။

19. ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-

20. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။

21. လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 24