ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 24:17-33 Common Language Bible (BCL)

17. အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-

18. အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။

19. ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-

20. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။

21. လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။

22. ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။

23. ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။

24. ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။

25. ထို့​ကြောင့်​ယော​ရှု​သည်​ထို​နေ့​၌​လူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင် ရှေ​ခင်​မြို့​တွင်​သူ​တို့ လိုက်​နာ​ရ​မည့်​ပညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး လေ​သည်။-

26. ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။-

27. ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-

28. ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​ကို ပြန်​ခွင့်​ပြု​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​၏ နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ​သည်။

29. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏ သား​ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ် ရှိ​သော်​အ​နိစ္စ​ရောက်​လေ​သည်။-

30. သူ​တို့​သည်​ဂါ​ရှ​တောင်​မြောက်​ဘက်၊ ဧ​ဖ​ရိမ် တောင်​ကုန်း​ပေါ်​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ရှိ​သူ ပိုင်​သော​မြေ​ကွက်​တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ် ကြ​လေ​သည်။

31. ယော​ရှု​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ယော​ရှု အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သ​မျှ​ကို​တွေ့​မြင်​ခဲ့​သည့်​ခေါင်း​ဆောင်​များ အ​သက်​ရှင်​နေ​သေး​သ​မျှ​ကာ​လ​ပတ်​လုံး ၌​လည်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

32. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။

33. အာ​ရုန်​၏​သား​ဧ​လာ​ဇာ​သည်​လည်း​အ​နိစ္စ ရောက်​သ​ဖြင့် သူ​၏​အ​လောင်း​ကို​သူ​၏​သား ဖိ​န​ဟတ်​အား​ပေး​ထား​သော​ဧ​ဖ​ရိမ်​တောင် ကုန်း​ဒေ​သ​ရှိ​ဂစ်​ဗီ​အာ​မြို့​တွင်​သင်္ဂြိုဟ်​ကြ လေ​သည်။ ယော​ရှု​မှတ်​စာ​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 24