ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 24:12-26 Common Language Bible (BCL)

12. သင်​တို့​ချီ​တက်​လာ​စဉ်​ငါ​သည်​သူ​တို့​ကို က​စဥ့်​က​လျား​ဖြစ်​စေ​ပြီး​လျှင် အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ကို​နှင်​ထုတ်​ခဲ့​၏။ သင်​တို့​၏​ဋ္ဌား နှင့်​လေး​လက်​နက်​တို့​ဖြင့်​အ​နိုင်​ရ​ကြ​သည် မ​ဟုတ်။-

13. သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။

14. ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-

15. အ​ကယ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​လျှင် မက်​ဆို​ပို​တေး​မီး​ယား​ပြည် ၌​သင်​တို့​၏​ဘိုး​ဘေး​များ​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ သင်​တို့​ယ​ခု​နေ​ထိုင် ရာ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ ကိုး​ကွယ်​ရန်​ဘု​ရား ကို​ယ​နေ့​ရွေး​ချယ်​ကြ​လော့။ ငါ​နှင့်​ငါ​၏ မိ​သား​စု​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို သာ​ကိုး​ကွယ်​မည်'' ဟု​ပြော​ကြား​လေ​၏။

16. ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။-

17. အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-

18. အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။

19. ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-

20. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။

21. လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။

22. ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။

23. ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။

24. ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။

25. ထို့​ကြောင့်​ယော​ရှု​သည်​ထို​နေ့​၌​လူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင် ရှေ​ခင်​မြို့​တွင်​သူ​တို့ လိုက်​နာ​ရ​မည့်​ပညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး လေ​သည်။-

26. ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 24