ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 24:1-5 Common Language Bible (BCL)

1. ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-

2. ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​ဤ​သို့​မိန့်​တော်​မူ​သည်။ `ရှေး​အ​ခါ​က သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​တေ​ရ၊ သူ​၏​သား​အာ​ဗြ​ဟံ​နှင့်​နာ​ခေါ်​တို့​သည် ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​တွင်​နေ​ထိုင်​၍​အ​ခြား သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​၏။-

3. ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။-

4. ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။-

5. ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 24