ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 22:28-34 Common Language Bible (BCL)

28. အ​ကယ်​၍​ပြော​ခဲ့​သည်​ရှိ​သော်​ငါ​တို့​၏ အ​ဆက်​အ​နွယ်​တို့​က`ကြည့်​လော့၊ ငါ​တို့​၏ ဘိုး​ဘေး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင် ကဲ့​သို့​သော​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ခဲ့​ကြ​၏။ ထို​ယဇ်​ပလ္လင်​သည်​မီး​ရှို့​ရာ​သကာ​အ​စ​ရှိ သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန် မ​ဟုတ်။ သင်​တို့​၏​လူ​စု​နှင့်​ငါ​တို့​၏​လူ​စု အ​တွက်​သက်​သေ​အ​ထိမ်း​အ​မှတ်​သာ​ဖြစ် သည်' ဟု​ပြန်​ပြော​နိုင်​လိမ့်​မည်​ဟူ​၍​ထင် မြင်​ယူ​ဆ​ပါ​သည်။-

29. ငါ​တို့​သည်​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ်​သ​ကာ စ​သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန်​ယဇ် ပလ္လင်​တစ်​ခု​ကို​တည်​၍ ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​လျက်​ကိုယ်​တော်​ကို​ပစ်​ပယ်​ကြ​မည် မ​ဟုတ်​ပါ။ ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ရှေ့​တွင်​ရှိ​သော ယဇ်​ပလ္လင်​မှ​လွဲ​၍ အ​ခြား မည်​သည့်​ယဇ်​ပလ္လင်​ကို​မျှ​တည်​မည်​မ​ဟုတ်​ပါ'' ဟု ပြန်​ပြော​ကြ​လေ​သည်။

30. ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့်​တ​ကွ ဣ​သ​ရေ​လ အ​နောက်​ဘက်​အ​နွယ်​ဝင်​တို့​၏​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင်​ဆယ်​ဦး တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်၊ အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ပြော​ပြ​သ​မျှ​ကို ကြား​ရ​သော​အ​ခါ​ကျေ​နပ်​ဝမ်း​မြောက်​ကြ ၏။-

31. ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​၏​သား ဖိ​န​ဟတ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို​ငါ​တို့​ယ​ခု​သိ ရ​ကြ​ပြီ။ ကိုယ်​တော်​အား​မ​ပုန်​ကန်​ခဲ့​ကြ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဒဏ်​ခတ်​တော်​မူ​ခြင်း မှ​လွတ်​မြောက်​ရ​ကြ​ပြီ'' ဟု​သူ​တို့​အား ဆို​၏။

32. ထို​နောက်​ဖိ​န​ဟတ်​နှင့်​အ​ကြီး​အ​ကဲ​တို့​သည် ရု​ဗင်​အ​နွယ်​ဝင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင် ရာ​ဂိ​လဒ်​ပြည်​မှ​ခါ​နာန်​ပြည်​သို့​ပြန်​ရောက် ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို​ပြန်​ကြား ကြ​လေ​သည်။-

33. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျေ​နပ်​ဝမ်း​မြောက်​လျက် ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​၏။ သူ​တို့​သည်​ရု​ဗင် အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​စစ်​ချီ​တိုက်​ခိုက်​ဖျက်​ဆီး​ရန်​မ​ကြံ​စည် ကြ​တော့​ချေ။-

34. ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​ဤ​ယဇ်​ပလ္လင်​သည်​ငါ​တို့​၏​သက်​သေ​ဖြစ် ပါ​စေ​သော'' ဟု​ဆို​လျက်​ထို​ယဇ်​ပလ္လင်​ကို ``သက်​သေ'' ဟု​မှည့်​ခေါ်​ကြ​လေ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 22