18. ကိုယ်တော်ကိုယခုပစ်ပယ်ကြမည်လော။ သင် တို့သည်ထာဝရဘုရားအားယနေ့ပုန်ကန် လျှင်နက်ဖြန်နေ့၌ကိုယ်တော်သည် ဣသရေလ တစ်မျိုးသားလုံးကိုအမျက်ထွက်တော်မူ လိမ့်မည်။-
19. သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-
20. ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။
21. ထိုအခါရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့က အနောက်အနွယ်ဝင်တို့၏ခေါင်းဆောင် တို့အား၊-
22. ``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
23. ငါတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုမနာခံဘဲမီးရှို့ရာသကာ၊ ဘောဇဉ် သကာ၊ မိတ်သဟာယသကာများကို ပူဇော်ရန်ယဇ်ပလ္လင်ကိုတည်ပါမူ ထာဝရ ဘုရားကိုယ်တော်တိုင်ငါတို့အားဒဏ်ခတ် တော်မူပါစေ။-
24. နောင်အခါ၌သင်တို့၏အဆက်အနွယ်တို့ ကငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနှင့်မည်သို့မျှ မသက်ဆိုင်။-
25. ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
26. ငါတို့သည်ယဇ်ပလ္လင်ကိုတည်ဆောက်ရခြင်း မှာ ယဇ်နှင့်သကာများကိုမီးရှို့ပူဇော်ရန် အတွက်မဟုတ်ပါ။-
27. ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
28. အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-
29. ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
30. ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။-
31. ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
32. ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။-
33. ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-