ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 2:1-13 Common Language Bible (BCL)

1. ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-

2. ယေ​ရိ​ခေါ​မြို့​မင်း​ကြီး​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တိုင်း​ပြည်​၏​အ​ခြေ​အ​နေ ကို​ထောက်​လှမ်း​ရန်​ရောက်​ရှိ​နေ​သည့်​သ​တင်း ကို​ကြား​သိ​ရ​သ​ဖြင့်၊-

3. ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-

4-6. ရာ​ခပ်​က``ကျွန်​မ​၏​အိမ်​သို့​ဧည့်​သည်​အ​ချို့ ရောက်​ရှိ​လာ​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​သူ တို့​မည်​သည့်​အ​ရပ်​မှ​လာ​သည်​ကို​ကျွန်​မ မ​သိ​ပါ။ သူ​တို့​သည်​မြို့​တံ​ခါး​မ​ပိတ်​မီ​နေ ဝင်​ချိန်​တွင်​ထွက်​ခွာ​သွား​ကြ​ပါ​သည်။ သူ​တို့ မည်​သည့်​အ​ရပ်​သို့​ခ​ရီး​ဆက်​ကြ​သည်​ကို လည်း​မ​သိ​ပါ။ သို့​သော်​လည်း​သူ​တို့​နောက် သို့​အ​လျင်​အ​မြန်​လိုက်​လျှင်​မီ​နိုင်​ပါ​မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​လေ​၏။ (သူ​သည်​ထို သူ​တို့​ကို​အိမ်​ခေါင်​မိုး​ပေါ်​သို့​တက်​စေ​ပြီး လျှင်​အ​မိုး​ပေါ်​တွင်​တင်​ထား​သော​ပိုက်​ဆံ လျှော်​ရိုး​များ​အောက်​တွင်​ဝှက်​ထား​ပြီး ဖြစ်​သည်။)-

7. မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​မြို့​ပြင်​သို့ ရောက်​သည့်​အ​ခါ မြို့​တံ​ခါး​ကို​ပိတ်​လိုက် ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် လျှောက်​နိုင်​သည့်​မြစ်​ကမ်း​အ​ထိ​သူ​လျှို​များ​ကို​လိုက်​လံ​ရှာ​ဖွေ​ကြ​သည်။

8. သူ​လျှို​တို့​အိပ်​ရာ​မ​ဝင်​မီ​အ​ချိန်​၌ ရာ​ခပ်​သည်​အိမ်​မိုး​ပေါ်​သို့​တက်​လာ​၍၊-

9. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-

10. သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-

11. ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-

12. ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-

13. ကျွန်မ​၏​မိ​ဘ၊ မောင်​နှ​မ​နှင့်​သူ​တို့​၏​မိ​သား​စု​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည် ဟု​က​တိ​ပေး​ကြ​ပါ​လော့'' ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 2