ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 16:1-4 Common Language Bible (BCL)

1. ယော​သပ်​အ​ဆက်​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး သော​နယ်​မြေ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည် ယေ​ရိ​ခေါ​မြို့​အ​နီး​ယေ​ရိ​ခေါ​စမ်း​ရေ​တွင်း၊ အ​ရှေ့​ယော်​ဒန်​မြစ်​မှ​အ​စ​ပြု​၍​တော​ကန္တာရ ကို​ဖြတ်​လျက်​တောင်​ကုန်း​ဒေ​သ​ရှိ​ဗေ​သ​လ မြို့​သို့​ရောက်​၏။-

2. တစ်​ဖန်​ဗေ​သ​လ​မြို့​မှ​လု​ဇ​မြို့​သို့​လည်း ကောင်း၊ ထို​မှ​တစ်​ဆင့်​အာ​ခိ​အ​မျိုး​သား များ​နေ​ထိုင်​ရာ​အ​တ​ရုတ်​အန္ဒာ​မြို့​သို့ လည်း​ကောင်း​ရောက်​သည်။-

3. တစ်​ဖန်​အ​နောက်​ဘက်​ယာ​ဖ​လေ​တိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အောက်​ဗက်​ဟော​ရုန်​ဒေ​သ သို့​ရောက်​သည်။ ထို​မှ​တစ်​ဖန်​ဂေဇာ​မြို့​ကို​ဖြတ် ပြီး​လျှင်​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ် လေ​သည်။

4. ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 16