ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 14:11-15 Common Language Bible (BCL)

11. သို့​ရာ​တွင်​မော​ရှေ​က​အ​ကျွန်ုပ်​အား​ဤ​ပြည် ကို​ထောက်​လှမ်း​ရန်​စေ​လွှတ်​သည့်​အ​ချိန်​မှာ ကဲ့​သို့ ယ​ခု​အ​ချိန်​လည်း​အ​ကျွန်ုပ်​သန်​မာ လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​သည်​စစ်​မှု​ထမ်း​ရန် သော်​လည်း​ကောင်း၊ အ​ခြား​တာ​ဝန်​ထမ်း ဆောင်​ရန်​သော်​လည်း​ကောင်း​ခွန်​အား​ရှိ ပါ​သေး​သည်။-

12. ထို့​ကြောင့်​အ​ကျွန်ုပ်​နှင့်​အ​ပေါင်း​အ​ဖော် တို့​သ​တင်း​ပြန်​ကြား​အ​စီ​ရင်​ခံ​သော​နေ့ ၌ ထာ​ဝ​ရ​ဘု​ရား​က​ပေး​မည်​ဟု​က​တိ ထား​တော်​မူ​သော​ဤ​တောင်​ကုန်း​ဒေ​သ ကို​အ​ကျွန်ုပ်​အား​ပေး​ပါ။ ထို​ဒေ​သ​တွင် ကိုယ်​ခန္ဓာ​ထွား​ကြိုင်း​သော​အာ​န​က​အ​မျိုး သား​များ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​များ​အ​တွင်း နေ​ထိုင်​ကြောင်း​ကို​အ​ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ခဲ့ ကြ​ပါ​သည်။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​လျှင် က​တိ​တော်​အ​တိုင်း​အ​ကျွန်ု​သည်​ထို​သူ တို့​ကို​တိုက်​ခိုက်​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်'' ဟု​တောင်း​ဆို​လေ​၏။

13. ထို​အ​ခါ​ယော​ရှု​သည်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား ကောင်း​ချီး​ပေး​၍​ဟေ​ဗြုန် မြို့​ကို​ဝေ​စု​အ​ဖြစ်​ခွဲ​ဝေ​ပေး​လေ​၏။-

14. ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။-

15. ဟေ​ဗြုန်​မြို့​၏​နာ​မည်​ဟောင်း​မှာ​အာ​ဘ​မြို့ ဖြစ်​သ​တည်း။ (အာ​ဘ​သည်​အာ​န​က​အ​မျိုး သား​တို့​၏​ခေါင်း​ဆောင်​ကြီး​ဖြစ်​၏။)ထို​နောက်​တိုင်း​ပြည်​တွင်​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 14