ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 14:1-9 Common Language Bible (BCL)

1. ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။-

3-4. မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အမျိုး သား​တို့​သည်​နယ်​မြေ​ကို​ခွဲ​ဝေ​ကြ​လေ သည်။

6. တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။-

7. ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည် ကျွန်ုပ်​အား ဤ​ပြည်​ကို​ထောက်​လှမ်း​ရန်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​စဉ်​အ​ခါ​က အ​ကျွန်ုပ် သည်​အ​သက်​လေး​ဆယ်​ရှိ​ပါ​၏။ အ​ကျွန်ုပ် သည်​ဟုတ်​တိုင်း​မှန်​ရာ​ကို​ပြန်​ကြား​အ​စီ ရင်​ခံ​ခဲ့​ပါ​သည်။-

8. အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊-

9. မော​ရှေ​က`သင်​နင်း​သော​မြေ​ကို​သင်​နှင့်​သင် ၏​သား​သ​မီး​များ​အား နယ်​မြေ​ဝေ​စု​အ ဖြစ်​မု​ချ​ရ​ရှိ​စေ​မည်' ဟု​က​တိ​ပေး​ခဲ့ ပါ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 14