ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 11:10-23 Common Language Bible (BCL)

10. ထို​နောက်​ယော​ရှု​သည်​ပြန်​လှည့်​၍​ဟာ​ဇော် မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ပြီး​လျှင် ၎င်း​၏ မင်း​ကို​ကွပ်​မျက်​လိုက်​လေ​သည်။ (ထို​ကာ​လ ၌​ဟာ​ဇော်​သည်​ထို​နိုင်​ငံ​များ​တွင်​အင် အား​အ​ကြီး​ဆုံး​နိုင်ငံ​ဖြစ်​သ​တည်း။-)

11. သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။

12. ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-

13. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-

15. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။

16. ယော​ရှု​သည်​မြောက်​ဘက်​ရှိ​တောင်​ကုန်း ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ​များ၊ တောင်​ဘက် ရှိ​တောင်​ကုန်း​ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ များ၊ ဂေါ​ရှင်​ပြည်​တစ်​ပြည်​လုံး​နှင့်​ယင်း ၏​တောင်​ဘက်​ရှိ​ခြောက်​သွေ့​သော​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​မှ​စ​၍​တစ်​ပြည်​လုံး ကို​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​လေ​သည်။-

17-18. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-

19. ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဂိ​ဗောင် မြို့​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့ နှင့်​သာ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​ဆို​ခဲ့ သည်။ အ​ခြား​သော​မြို့​များ​ကို​မူ​တိုက်​ခိုက် သိမ်း​ယူ​ခဲ့​သည်။-

20. ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။

21. ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-

22. ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-

23. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 11