ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​န 1:15-17 Common Language Bible (BCL)

15. ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။-

16. ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။

17. ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​န 1