ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 29:16-21 Common Language Bible (BCL)

16. ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။

17. မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။

18. ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။

19. ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။

20. ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။

21. သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 29