ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 4:6-15 Common Language Bible (BCL)

6. ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့်သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။

7. ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက်ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။

8. ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက်မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ်ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။

9. စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲတ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။

10. ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည်ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သောအ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။

12. အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်းလူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်းအ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင်မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။

13. သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည်အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။

14. မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှမ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက်လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။

15. လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲတစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 4