ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 4:1-12 Common Language Bible (BCL)

1. ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။

2. ဇိ​အုန်​မြို့​သား​လူ​ငယ်​လူ​ရွယ်​တို့​သည်​ငါ​တို့ အ​ဖို့ ရွှေ​ကဲ့​သို့​အ​ဖိုး​ထိုက်​ခဲ့​သော်​လည်းယ​ခု​အ​ခါ​၌​မူ​မြေ​အိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။

3. ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်းငါ​၏​အ​မျိုး​သား​များ​မူ​ကားငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။

4. သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်းသူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။

5. အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကိုစား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။

6. ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့်သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။

7. ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက်ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။

8. ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက်မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ်ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။

9. စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲတ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။

10. ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည်ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သောအ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။

12. အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်းလူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်းအ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင်မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 4