ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 3:57-66 Common Language Bible (BCL)

57. ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။

58. အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။

59. ကျွန်​တော်​မျိုး​ခံ​ရ​သည့်​မ​တ​ရား​မှု​များ​ကိုကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ စီ​ရင်​ပေး​တော်​မူ​ပါ။

60. ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြ​သည်​ကို​လည်း​ကောင်း၊ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​၍​အ​ဘယ်​သို့လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။

61. ``ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​ကျွန်​တော်​မျိုး အား စော်​ကား​ကြ​သည်​ကို​ကြား​တော်​မူ​၍သူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​လည်း​သိ​တော်​မူ​ပါ​၏။

62. သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက်မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။

63. မိုး​လင်း​မှ​မိုး​ချုပ်​တိုင်​အောင်​ကျွန်​တော်​မျိုး​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။

64. ``အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​မိ​မိ​တို့ပြု​ကျင့်​ခဲ့​သည့်​အ​မှု​များ​အ​တွက်​ဒဏ် ခတ်​တော်​မူ​ပါ။

65. သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။

66. သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှအ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 3