ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 3:38-58 Common Language Bible (BCL)

38. အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။

39. ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါအ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။

40. ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။

41. ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အားငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။

42. ``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်းကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။

43-44. ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည်ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။

45. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

46. ``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။

47. ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။

48. ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့်ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။

49-50. ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင်ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။

51. မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။

52. ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက်ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။

53. သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ်တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။

54. မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။

55. ``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည်ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။

56. ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန်ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍

57. ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။

58. အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 3