ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 3:14-28 Common Language Bible (BCL)

14. လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။

15. ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သောဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။

16. ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။

17. ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။

18. ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။

19. ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။

20. ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။

21. သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။

22-23. ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည်မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။

24. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

25. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။

26. သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အားသည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။

27. ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကိုအ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။

28. ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 3