ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 3:1-8 Common Language Bible (BCL)

1. ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။

2. ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊

3. သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။

4. ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။

5. ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။

6. ကိုယ်​တော်​သည်​ငါ့​ကို​ကြာ​ရှည်​စွာ​ဒု​က္ခ မှောင်​မိုက်​တွင်​နေ​စေ​တော်​မူ​ပါ​၏။

7. ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။

8. ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်းဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 3