ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 1:19-22 Common Language Bible (BCL)

19. ``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက်အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''

20. ``အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''

21. ``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။''

22. ``သူ​တို့​အား​မိ​မိ​တို့​ယုတ်​မာ​မှု​အ​ပေါင်း​အ​တွက် အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​မိ​မိ​၏​အ​ပြစ်​များ​အ​တွက်ဆုံး​မ​တော်​မူ​သ​ကဲ့​သို့​သူ​တို့​ကို​လည်း ဆုံး​မ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​စိတ်​ဆင်း​ရဲ​၍​ညည်း​တွား​ပါ​၏။ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ညှိုး​ငယ်​လျက်​ရှိ​ပါ​၏'' ဟူ​၍​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 1