ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 1:10-20 Common Language Bible (BCL)

10. ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရားပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင်ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။

11. သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက်မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။

12. သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရားအ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''

13. ``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကိုစေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။''

14. ``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''

15. ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှစွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကိုသုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အားစ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''

16. ``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''

17. ``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန်အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။''

18. ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''

19. ``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက်အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''

20. ``အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 1