ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မိက္ခာ 4:11-13 Common Language Bible (BCL)

11. လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-

12. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။

13. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မိက္ခာ 4