ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မိက္ခာ 4:1-4 Common Language Bible (BCL)

1. နောင်​ကာ​လ​တွင်ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊

2. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။

3. ရပ်​ဝေး​ရပ်​နီး​မှ​အင်​အား​ကြီး​သော​နိုင်​ငံ များ​၏အ​ငြင်း​ပွား​မှု​များ​ကို​အ​ဆုံး​အ​ဖြတ်​ပေး တော်​မူ​မည်။သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​သွား​များ​ကို​ထွန်​သွား အ​ဖြစ်​သို့​လည်း​ကောင်း၊လှံ​များ​ကို​တံ​စဉ်​များ​အ​ဖြစ်​သို့​ထု​လုပ် ကြ​လိမ့်​မည်။နိုင်​ငံ​အ​ချင်း​ချင်း​နောက်​တစ်​ဖန်​စစ်​တိုက် ကြ​တော့​မည်​မ​ဟုတ်။စစ်​တိုက်​ရန်​ပြင်​ဆင်​မှု​ကို​လည်း​နောက်​တစ်​ဖန် ပြု​လုပ်​ကြ​တော့​မည်​မ​ဟုတ်။

4. လူ​တိုင်း​ပင်​မိ​မိ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်၊မိ​မိ​တို့​၏ သ​ဖန်း​ခြံ​ထဲ​၌​မ​ကြောက်​လန့်​ရ​ဘဲ၊အေး​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​တော်​မူ​သော​က​တိ​တော်​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မိက္ခာ 4