ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မာ​လ​ခိ 3:13-18 Common Language Bible (BCL)

13. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ့​အ​ကြောင်း မ​ကောင်း​သ​တင်း​များ​ကို​ပြော​ဆို​ကြ​လေ​ပြီ။ သို့​သော်​လည်း​သင်​တို့​က`ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို​အ​ဘယ် သို့​ပြော​ဆို​ခဲ့​ကြ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-

14. သင်​တို့​သည်`ဘု​ရား​သ​ခင်​အား​ဝတ်​ပြု ကိုး​ကွယ်​ရ​သည်​မှာ​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ ဆောင်​ရွက်​သော်​လည်း​ကောင်း၊ ငါ​တို့​သည် မိ​မိ​တို့​ပြု​မိ​သည့်​အ​ပြစ်​များ​အ​တွက် ဝမ်း​နည်း​ကြောင်း​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ကြိုး​စား​ဖော်​ပြ​၍​သော်​လည်း ကောင်း​အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-

15. ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။

16. ထို​အ​ခါ​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​နေ​ကြ​သည့် စ​ကား​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား ထောင်​လျက်​နေ​တော်​မူ​သ​ဖြင့်​ကြား​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သူ​များ​၏​စား​ရင်း​ကို ရှေ့​တော်​တွင်​စာ​စောင် တစ်​ခု​၌​ရေး​မှတ်​ထား​ရှိ​၏။-

17. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ သူ​တို့​သည်​ငါ​၏​လူ​စု​ဖြစ်​လိမ့်​မည်။ သူ တို့​သည်​ငါ​စီ​ရင်​ချက်​ချ​မှတ်​ရာ​နေ့​၌ ငါ​၏​ကိုယ်​ပိုင်​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဖ သည်​မိ​မိ​၏​အ​စေ​အ​ပါး​ကို ခံ​သည့်​သား အ​ပေါ်​တွင် က​ရု​ဏာ​ထား​သ​ကဲ့​သို့​ငါ သည်​လည်း​သူ​တို့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​တော်​မူ​မည်။-

18. တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မာ​လ​ခိ 3