ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နာ​ဟုံ 3:3-14 Common Language Bible (BCL)

3. မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။

4. နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင်ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။

5. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။

6. ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။

7. သင့်​ကို​မြင်​သူ​အ​ပေါင်း​တို့​သည်​နောက်​သို့ တွန့်​ဆုတ်​သွား​လိမ့်​မည်။သူ​တို့​က``နိ​နေ​ဝေ​မြို့​သည်​ယို​ယွင်း ပျက်​စီး​လျက်​နေ​လေ​ပြီ။ထို​မြို့​အား​အ​ဘယ်​သူ​က​က​ရု​ဏာ​သက် ပါ​လိမ့်​မည်​နည်း။အ​ဘယ်​သူ​သည်​နှစ်​သိမ့်​မှု​ကို​ပေး​လို ပါ​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။

8. အို နိ​နေ​ဝေ​မြို့၊ သင်​သည်​အီ​ဂျစ်​ပြည်​၏​မြို့ တော်​သီ​ဘီ​မြို့​ထက်​သာ​လွန်​ကောင်း​မွန်​ပါ သ​လော။ ထို​မြို့​တွင်​လည်း​မြို့​ရိုး​သ​ဖွယ်​ကာ ကွယ်​မှု​ကို​ပေး​သည့်​မြစ်​တစ်​ခု​ရှိ​ပေ​သည်။ နိုင်း​မြစ်​ကား​ထို​မြို့​၏​ကွယ်​ကာ​ရာ​ပင်​တည်း။-

9. သီ​ဘီ​မြို့​သည်​ဆူ​ဒန်​နှင့်​အီ​ဂျစ်​ကို​အုပ်​စိုး​သည်။ တိုင်း​မ​သိ​သော​တန်​ခိုး​အာ​ဏာ​နှင့်​ပြည့်​စုံ​ပေ သည်။ လိ​ဗု​ပြည်​သည်​အီ​ဂျစ်​ပြည်​၏​မ​ဟာ မိတ်​ဖြစ်​သော်​လည်း၊-

10. သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။

11. အို နိ​နေ​ဝေ​မြို့၊ သင်​သည်​မူး​ယစ်​ထုံ​ထိုင်း လျက်​ရန်​သူ​များ​၏​လက်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​လိမ့်​မည်။-

12. သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-

13. သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-

14. မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နာ​ဟုံ 3