ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နာ​ဟုံ 3:12-19 Common Language Bible (BCL)

12. သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-

13. သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-

14. မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။-

15. သင်​သည်​အ​ဘယ်​သို့​ပင်​ပြု​သော်​လည်း​မီး​သင့် လောင်​ပြီး​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​သေ​လိမ့်​မည်။ ကျိုင်း​ကောင်​များ​ကိုက်​ဖျက်​လိုက်​သည့်​အ​သီး အ​နှံ​များ​ကဲ့​သို့​သင်​သည်​အ​စ​တုန်း​၍​သွား လိမ့်​မည်။သင်​သည်​ကျိုင်း​ကောင်​များ​ကဲ့​သို့​လူ​ဦး​ရေ တိုး​ပွား​စေ​ခဲ့​၏။-

16. မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ထက်​ပင်​ပို မို​များ​ပြား​သည့်​ကုန်​သည်​များ​ကို​မွေး​ထုတ် ပေး​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ​တို့​အ​တောင်​ကို​ဖြန့် ၍​ပျံ​သွား​သော​ကျိုင်း​ကောင်​များ​ကဲ့​သို့ ထို သူ​တို့​သည်​ထွက်​သွား​ကြ​လေ​ပြီ။-

17. သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။

18. အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။-

19. သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နာ​ဟုံ 3