ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နာ​ဟုံ 2:1-9 Common Language Bible (BCL)

1. အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။

2. (ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။)

3. ရန်​သူ​စစ်​သူ​ရဲ​တို့​သည်​ဒိုင်း​လွှား​နီ​များ ကို​ကိုင်​ဆောင်​ကာ ဆင်​တူ​ဝတ်​စုံ​နီ​များ​ကို​ဝတ်​ဆင်​ထား​ကြ​၏။သူ​တို့​သည်​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​ဆင်​လျက် ရှိ​ကြ​၏။သူ​တို့​၏​စစ်​မြင်း​ရ​ထား​များ​သည်​မီး​လျှံ သ​ဖွယ် တောက်​ပ​လျက်၊သူ​တို့​၏​မြင်း​များ​သည်​ခုန်​ပေါက်​၍​နေ​ကြ​၏။

4. စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။

5. တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါသူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့်အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။

6. မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။

7. မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။

8. တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟုဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။

9. ငွေ​တို့​ကို​လု​ယူ​ကြ​လော့။ ရွှေ​တို့​ကို​လု​ယူ ကြ​လော့။ဤ​မြို့​သည်​ဥစ္စာ​ရ​တ​နာ​ပေါ​များ​ကြွယ်​ဝ သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နာ​ဟုံ 2