ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နာ​ဟုံ 1:11-15 Common Language Bible (BCL)

11. အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။-

12. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``အာ​ရှု​ရိ အ​မျိုး​သား​တို့​သည်​ခွန်​အား​ကြီး​၍​အ​ရေ အ​တွက်​အား​ဖြင့်​များ​သော်​လည်း သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​လျက်​ကွယ်​ပျောက် သွား​ကြ​လိမ့်​မည်။ အို ငါ​၏​လူ​မျိုး​တော်၊ ငါ သည်​သင်​တို့​အား​ဒုက္ခ​ရောက်​စေ​ခဲ့​ဖူး​သော် လည်း​နောက်​တစ်​ဖန်​ထို​သို့​ပြု​တော့​မည် မ​ဟုတ်။-

13. သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​အ​မျိုး​သား တို့​နှင့်​ပတ်​သက်​၍``လူ​တို့​သည်​ထို​သူ​တို့​ကို မေ့​ပျောက်​၍​သွား​လိမ့်​မည်။ သူ​တို့​၏​ဗိ​မာန် တော်​များ​ရှိ​ရုပ်​တု​တို့​ကို ငါ​သုတ်​သင်​ဖျက် ဆီး​မည်။ ငါ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​တို့ အ​တွက်​သင်္ချိုင်း​ကို​ပြင်​ဆင်​မည်။ သူ​တို့​သည် အ​သက်​ရှင်​ထိုက်​သူ​များ​မ​ဟုတ်'' ဟု​အ​မိန့် စီ​ရင်​ချက်​ချ​တော်​မူ​၏။

15. ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နာ​ဟုံ 1