ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 9:2-13 Common Language Bible (BCL)

2. သူ​၏​နန်း​စံ​ပ​ထ​မ​နှစ်​၌​ငါ​ဒံ​ယေ​လ​သည် ကျမ်း​စာ​တော်​များ​ကို​လေ့​လာ​ကာ​ပ​ရော ဖက်​ယေ​ရ​မိ​အား ဘု​ရား​သခင်​မိန့်​တော်​မူ သည်​အ​တိုင်း​အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင် ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ရ​မည်​အ​ကြောင်း ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။-

3. ထို​နောက်​ငါ​သည်​အ​စာ​ရှောင်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍ ပြာ​ထဲ​တွင်​ထိုင်​ကာ ထာ​ဝ​ရ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​အ​သ နား​ခံ​၏။-

4. ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။

5. ``အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ​ကြ​ပါ ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။ ညစ်​ညူး​သူ များ​ဖြစ်​၍​ပုန်​ကန်​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​၍ ကိုယ်​တော်​ပြ​တော်​မူ​သော​ပ​ညတ် များ​မှ​သွေ​ဖည်​မိ​ကြ​ပါ​ပြီ။-

6. အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။-

7. အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-

8. အို အ​ရှင်​ဘု​ရား​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား​များ​နှင့်​ဘိုး​ဘေး​များ​သည် ရှက်​ကြောက်​ဖွယ်​ရာ​အ​မှု​တို့​ကို​ပြု​ကျင့် လျက်​ကိုယ်​တော်​အား​ပြစ်​မှား​ကြ​ပါ​ပြီ။-

9. အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ သော်​လည်း ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် က​ရု​ဏာ​ထား​တော်​မူ​၍​အ​ကျွန်ုပ် တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။-

10. အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ပေး​အပ်​တော်​မူ​သော​ပ​ညတ်​တော်​များ အ​တိုင်း​လိုက်​နာ​ရန်​မိန့်​ကြား​သော်​လည်း အ​ကျွန်ုပ်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ​ပါ။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​ပင် လျှင် ကိုယ်​တော်​ရှင်​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍​အ​မိန့်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ကိုယ်​တော့်​အ​စေ​ခံ​မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​ကျိန်​စာ​များ​သင့်​စေ​တော်​မူ​ပါ​၏။-

12. ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။-

13. အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား တွင် ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ပြစ်​ဒဏ် များ​ကို​ခံ​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု အ​ခါ​၌​ပင်​လျှင်​အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​နှစ်​သက်​တော်​မူ​စေ​ရန်​ကြိုး​စား​၍ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း၊ သမ္မာ​တ​ရား တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး​ခြင်း​အ​မှု တို့​ကို​မ​ပြု​မ​လုပ်​ကြ​သေး​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 9