ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 9:15-23 Common Language Bible (BCL)

15. အို အ​ကျွန်ုပ်​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​မိ​မိ​၏​လူ​မျိုးတော်​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ခြင်း​အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို ယ​ခု ထက်​တိုင်​အောက်​မေ့​သ​တိ​ရ​လျက်​နေ​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ ကြ​ပါ​ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။-

16. အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​တိတ် ကာ​လ​က အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင် မြို့​ကို​ဆက်​လက်​၍ အ​မျက်​ဒေါ​သ​ထွက်​တော် မ​မူ​ပါ​နှင့်။ ထို​မြို့​သည်​ကိုယ်​တော်​၏​မြို့​တော်၊ ကိုယ်​တော်​၏​သန့်​ရှင်း​သော​တောင်​တော်​ဖြစ် ပါ​၏။ အ​ကျွန်ု​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ နှင့်​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု​များ ကြောင့် အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​ရှိ​လူ အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ကိုယ် တော်​၏​လူ​မျိုး​တော်​အား​အ​ထင်​အ​မြင် သေး​ကြ​ပါ​၏။-

17. အို ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏ ကျွန်​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​နှင့်​အ​သ​နား ခံ​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း လူ တိုင်း​သိ​ကြ​စေ​ရန် ဖြို​ဖျက်​ခြင်း​ခံ​ရ​သည့် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​ပါ။-

18. အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။-

19. အို အ​ရှင်​ဘု​ရား၊ နား​ထောင်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​ကို​နား ထောင်​တော်​မူ​၍​အ​ရေး​ယူ​တော်​မူ​ပါ။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖင့်​နွဲ တော်​မ​မူ​ပါ​နှင့်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လူ​တိုင်း​သိ​ရှိ​ပါ​လိမ့်​မည်။ ဤ​မြို့ နှင့်​ဤ​လူ​မျိုး​တော်​ကို​ကိုယ်​တော်​ပိုင် တော်​မူ​ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​၏။

20. ငါ​သည်​ဆက်​လက်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ မိ​မိ​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း၊ မိ​မိ ၏​လူ​မျိုး​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း​ဖော်​ပြ ဝန်​ခံ​လျက် ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ် သော​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ပေး​တော်​မူ​ရန် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​အ​သ​နား​ခံ​လျက်​နေ​၏။-

21. ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-

22. ဂါ​ဗြေ​လ​က``ဒံ​ယေ​လ၊ ငါ​သည်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​ကို​သင်​သိ​ရှိ​နား​လည်​နိုင်​ရေး အ​တွက်​အ​ကူ​အ​ညီ​ပေး​ရန် ဤ​အ​ရပ် သို့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​၏။-

23. သင်​သည်​ဘု​ရား​သ​ခင်​အား​စ​တင်​အ​သ နား​ခံ​သော​အ​ခါ ကိုယ်​တော်​သည်​သင့်​ပတ္ထ​နာ ကို​နား​ထောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင့် အား​ချစ်​မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ ကိုယ် တော်​၏​ဖြေ​ကြား​ချက်​ကို​သင့်​အား​ဖော် ပြ​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်။ ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ငါ​ရှင်း​လင်း​ဖော်​ပြ နေ​စဉ်​ဂ​ရု​ပြု​၍​နား​ထောင်​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 9