3. ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။-
4. ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
5. သူတို့က``ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်'' ဟုအချင်းချင်းပြောဆိုကြ၏။
6. ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။-
7. အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
8. ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
9. သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။-
10. မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
11. သူ၏ရန်သူတို့သည်ဘုရားသခင်အား ဒံယေလဆုတောင်းပတ္ထနာပြုလျက်နေ သည်ကိုမြင်သောအခါ၊-
12. တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဋ္ဌမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။
13. ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
14. ဤလျှောက်ထားချက်ကိုမင်းကြီးကြား တော်မူလျှင် အလွန်စိတ်မချမ်းမသာဖြစ် တော်မူလျက်ဒံယေလအားကယ်ဆယ်ရန် နည်းလမ်းကိုနေဝင်သည်တိုင်အောင်အစွမ်း ကုန်ကြိုးစား၍ရှာကြံတော်မူ၏။-
15. ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။