ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 6:25-28 Common Language Bible (BCL)

25. ထို​နောက်​ဒါ​ရိ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး​အ​သီး သီး​နှင့် နိုင်​ငံ​အ​သီး​သီး​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​သ​ဝဏ်​လွှာ​တစ်​စောင်​ရေး​သား​ပေး ပို့​တော်​မူ​၏။ထို​သ​ဝဏ်​လွှာ​တွင်``သင်​တို့​သည်​ချမ်း​မြေ့ သာ​ယာ​ကြ​ပါ​စေ​သော။-

26. ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။

27. ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့်ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏''ဟု​ပါ​ရှိ​လေ​သည်။

28. ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 6